နေပြည်တော် ဩဂုတ် ၁၆

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိ မြို့နယ်ရှိ ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ ကချင်ပြည်နယ်၊ မိုးညှင်းမြို့ နယ်ရှိ အပြည်ပြည်ဆိုင်ရာဝိပဿနာရိပ်သာကျောင်းတိုက်သို့လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ဝါဆိုအေးမြဥယျာဉ်စာသင်တိုက်သို့လည်းကောင်း၊ မွန်ပြည် နယ်၊ မော်လမြိုင်မြို့နယ်ရှိ မြစေတီ စာသင်တိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေ မြို့နယ်ရှိ ပုသိမ်ကျောင်းတိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်ရှိ ဒက္ခိဏာရုံ ကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော် များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်