နေပြည်တော် ဩဂုတ် ၁၆

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာအုပ်စု၊ နေပြည်တော်ကောင်စီ လမ်းဘေးရှိ ဧက ၅၀၀ ကွင်း၊ ကွင်းအမှတ်(၁၆၃၆ က) တောင်သူ ဦးတင်ထွန်းအပိုင် လယ် ငါးဧကတွင် စက်မှုလယ်ယာ ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူပေါင်းဆောင်ရွက်သည့် ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဩဂုတ် ၁၆ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ စက်မှုလယ်ယာဦးစီးဌာန၊ နေပြည်တော် တိုင်းဦးစီးမှူး ဦးနိုင်ဦးက ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော် တိုင်းဦးစီးမှူး ဦးဝင်းထိန်က မိုးစပါးစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုနှင့် ကောက်စိုက်စက်ဖြင့် တွဲသုံးသည့် ဆေးဖျန်းစက် (Transplanter Mounted Boom Sprayer) အား ကြည့်ရှုခဲ့ကြသည်။

အခမ်းအနားသို့ စက်မှုလယ်ယာ ဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး၊ နေပြည်တော် စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် ကျေးရွာများရှိ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)