မုဒုံ သြဂုတ် ၁၆

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ မိုင်တိုင်အမှတ် (၃၅/၁) နှင့် (၃၅/၂)အကြား၌ တောင်ကျရေများ စီးဆင်းမှုကြောင့် ဩဂုတ် ၁၆ ရက် နံနက်ပိုင်းမှစ၍   ကားလမ်းရေကျော်မှု ဖြစ်ပွားလျက်ရှိသည်။

ကားလမ်းရေကျော်သည့်နေရာ၌ ရေအမြင့်ပေ တစ်ပေခန့်ရှိကြောင်း၊ ယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးနေသူရိန်နှင့် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့် လူမှုကူညီရေးအသင်း အဖွဲ့ဝင်များ ပူးပေါင်းကာ ယဉ်များ၊ ဆိုင်ကယ်များ ဖြတ်သန်းမောင်းနှင်မှုကို စောင့်ကြည့်ကူညီပေးလျက်ရှိပြီး ရေဆက်လက်မြင့်တက်လာပါက အန္တရာယ်ကင်းရှင်းစေရန် ဖြတ်သန်းသွားလာမှုကို ခေတ္တ ဆိုင်ငံ့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သားငယ်(မုဒုံ)