ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇ ရက်၊ နံနက် ၁၀ နာရီခွဲ ထုတ်ပြန်ချက်

ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း ပင်လယ်ပြင် ခရီးအတွက် မိုးလေ၀သ ခန့်မှန်းချက်အနေဖြင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်သည်။ အမြင်တာ (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။ ရေပြင်လေ အနောက် (သို့) အ​နောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅-၂၀) မိုင်၊ တစ်ခါတစ်ရံ မိုင်(၄၀)။ လှိုင်းကြီးမည်။ လှိုင်းအမြင့် (၉) ပေမှ (၁၁)ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း ပင်လယ်ပြင် ခရီးအတွက် မိုးလေ၀သ ခန့်မှန်းချက်အနေဖြင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးနိုင်သည်။ အမြင်တာ (၃)မိုင်၊ မိုးရွာစဉ်  (၁) မိုင်ခန့်။ ရေပြင်လေ အနောက်(သို့) အ​နောက်မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀) မှ (၃၅)မိုင်။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ လှိုင်းအမြင့် (၆)ပေမှ (၉)ပေခန့်။

Credit> မိုးဇလ