မြိုင် ဩဂုတ် ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် မြိုင်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီသိုလှောင်ထားရှိမှု အခြေအနေများ၊ အခြင်အတွယ်ရောင်းဝယ်မှုနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးအတွက် ဩဂုတ် ၁၆ ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့များ ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချစ်ထွေးနှင့် ဌာနဆိုင်ရာ
အဖွဲ့များက စက်သုံးဆီအရောင်းဆိုင်များနှင့် စက်သုံးဆီလှောင်ကန်များအား သတ်မှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ စက်သုံးဆီသိုလှောင်ထားရှိမှု အခြေအနေများ၊ စက်သုံးဆီရောင်းဝယ်ရာတွင် အခြင်အတွယ်/ဈေးနှုန်းများ မှန်ကန်မှုရှိစေရေး၊ စက်သုံးဆီလှောင်ကန်များတွင် သိုလှောင်ထားရှိပြီး ဈေးနှုန်းကစားမှု မရှိစေရေး၊ စနစ်တကျရောင်းဝယ်မှုနှင့် စက်သုံးဆီအရောင်းဆိုင်/ လှောင်ကန်များတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သူရိန်