ကျိုက်ထို ဩဂုတ် ၂၀

 

ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အရန်သားဖွားနှင့် လူထုကျန်းမာရေး လုပ်သားများ (မွမ်းမံ)သင်တန်းဆင်းပွဲကို ဩဂုတ် ၁၉ ရက်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါသင်တန်းတွင် လူ၏ကိုယ်ခန္ဓာအစိတ်အပိုင်း (၅)မျိုးနှင့်အတူ မျိုးဆက်ပွားကျန်းမာရေး ဆိုင်ရာသိမှတ်စရာများ၊ ကိုယ်ဝန်ဆောင်မိခင်များအား စောင့်ရှောက်ခြင်း၊ ပုံမှန်မွေးဖွားခြင်း ဖြစ်စဉ်နှင့် မွေးဖွားခြင်းကို စောင့်ရှောက်ပေးခြင်း၊ မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခြင်း၊ (၅)နှစ်အောက်ကလေးအား ပြုစုစောင့်ရှောက်ခြင်း၊ မိခင်နှင့်ကလေး အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း နှင့် တကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရောဂါကာကွယ်ခြင်း၊ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နှင့် အိမ်တွင်းစောင့်ရှောက်မှုပေးခြင်း၊ သူနာပြုအတတ် လေ့လာ သင်ကြားခြင်းနှင့် ရှေးဦးသူနာပြုစုခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ အတိုင်ပင်ခံ ဆွေးနွေးခြင်း သင်ခန်းစာများအား ကျန်းမာရေးမှူးအဆင်(၁) ဦးထွန်းညီညီ၊ သားဖွားဆရာမ ဒေါ်သော်တာစိုး၊ ဒေါ်သင်းလဲ့လဲ့ဦးတို့မှ သင်တန်းသူ(၁၆)ဦးတို့အား ဩဂုတ် ၁၆ ရက်မှ ၁၉ ရက်နေ့အထိ (၄)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

(ကျိုက်ထို ပြန်/ဆက်)