စစ်တွေ ဩဂုတ် ၂၀
စစ်တွေမြို့၊ ရှုခင်းသာလမ်းနှင့် ပွိုင့်ကမ်းခြေ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ကမ်းနားလမ်း စာတိုက်ကြီးအနီးမှစတင်ကာ သတ်မှတ်နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် စစ်တွေတပ်နယ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက စစ်တွေမြို့ စစ်တွေမြို့ ကမ်းနားလမ်း၊ စာတိုက်ကြီးအနီးမှစတင်ကာ ကမ်းနားလမ်းတလျောက်၊ စစ်တွေပွိုင့်နှင့် ပွိုင့်ကမ်းခြေ၊ စစ်တွေ ဟိုတယ်ကမ်းခြေတို့တွင် လမ်းဘေးဝဲယာရှိ စွန့်ပစ်အမှိုက်များ၊ ပလပ်စတိတ်အိပ်များ၊ ကမ်းခြေအနီးရှိ စွန့်ပစ်အမှိုက်ကို မြို့သန့်ရှင်းသာယာလှပရေးစေရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်ရာသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းကာ စုပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)