ရွှေကူ  သြဂုတ်   ၂၀

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ကျေးရွာများအား ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို သြဂုတ် ၁၉ ရက်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

   

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်က ရန်ပုံငွေ လွှဲပြောင်းပေးအပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ (VDP) စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီစေရန် ကျေးရွာကော်မတီ များနှင့် ကျေးရွာလူထုများက စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး ပန်းတင်၊ မြိုင်သာ၊ ငါးဘတ်ဝ၊ တိန်းဟွန်း၊ မိုးလဲ၊ သရက်ကုန်း၊ ပူခိုင်နှင့် ဝေခူး စသည့် ကျေးရွာ (၈)ရွာမှ ကော်မတီဝင်များသို့ ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ် သိန်းတစ်ရာတိတိဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၈၀၀ ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။              

 

ရွှေကူမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက်ကာလ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း ၅၀၀ ဖြင့် ကျေးရွာ(၅)ရွာ၌ ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ် သိန်းတစ်ရာဖြင့် ကျေးရွာ(၈)အတွက် စုစုပေါင်းရန်ပုံငွေ ကျပ်သိန်း ၈၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်ထံမှ သိရသည်။

(မြို့နယ် ပြန်/ဆက်)