ဘူးသီးတောင် သြဂုတ် ၂၁
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ်လက်ဝဲဒက် ပုဇွန်ချောင်းကျောင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှအားကစားအသိပညာပေးဟောပြောခြင်းကို သြဂုတ် ၂၀ ရက် ညနေပိုင်းက အဆိုပါ ကျောင်းခန်းမတွင်ကျင်းပခဲ့ကြသည်။
အခမ်းအနားတွင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူးဒေါ်ဥမ္မာသန်းကအားကစားပညာရပ်များဖြစ်သော ဘောလုံးကစားခြင်းဆိုင်ရာနည်းစနစ်များ၊ ဘော်လီဘောကစားခြင်းဆိုင်ရာ နည်းစနစ်များ၊ ပြေးခုန်ပစ်ဆိုင်ရာနည်းစနစ်များ၊ စစ်တုရင်ကစားခြင်းနည်းစနစ်များ၊ စားပွဲတင်တင်းနစ်ကစားနည်းစနစ်များအား အသိပညာပေးဟောပြောကြားခဲ့ပြီး အလှပြ (ကာယ)ဒေါ်ဇာချိုလှိုင်က PhysicalFitness Dances အက လှုပ်ရှားမှုများဖြင့်လူငယ်များကျန်းမာကြံ့ခိုင်ပြီး၊ အားကစားလိုက်စားလိုစိတ်ရှိစေရန်ရည်ရွယ်၍ သရုပ်ဖော်ပြသကာ အားကစားပစ္စည်းများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါအားကစားအသိပညာပေးဟောပြောပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှမြို့နယ်အားကစားမှူးဒေါ်ဥမ္မာသန်းနှင့်ဝန်ထမ်းများ၊ လက်ဝဲဒက်ပုဇွန်ချောင်းကျောင်းမှကျောင်းအုပ်ဆရာမကြီးဒေါ်ဆန်းရီနှင့် ကျောင်းသား/သူများစုစုပေါင်း (၁၈၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
လှကျော်( ပြန်/ဆက်)