ရန်ကုန်၊ သြဂုတ်၂၁

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် သြဂုတ် ၂၀ ရက်တွင် တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးနှင့် သန်လျင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးများသို့ ရောက်ရှိပြီး မြို့နယ်အလိုက် ဓာတ်အားခ ကောက်ခံနေမှု၊ လျှပ်စစ်မီးသုံးစွဲသူပြည်သူများအနေဖြင့် ဓာတ်အားခများ လွယ်ကူလျင်မြန်စွာ ပေးဆောင်နိုင်ရေး ငွေကောက်ကောင်တာ ဖွင့်လှစ်ထားရှိမှု၊ လျှပ်စစ်ဓာတ်အား သုံးစွဲသူ တစ်ဦးချင်းစီအလိုက် ဓာတ်အားခကျသင့်ငွေ ပေးဆောင်မှု၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရန် ဆောင်ရွက်ထားမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

mdn

 

ယင်းနောက် ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဓာတ်အားခွဲရုံများနှင့် ဝန်ထမ်းအိမ်ရာများ ဥပဓိရုပ် ကောင်းမွန်ရေး၊ ဓာတ်အားခ ကြွေးကျန်များ ရာနှုန်းပြည့်ကောက်ခံရရှိရေး၊ ရရှိလာသော နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်မှုမရှိစေရေး၊ မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခ ကောက်ခံခြင်းများကို လုံခြုံရေး ပြည့်ပြည့်ဝဝဖြင့် ဆောင်ရွက်ရေး၊ ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အားလို အပ်ချက်များအပေါ် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး စေတနာထား ဆောင်ရွက်ပေးရန်နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်