ဝါရှင်တန် ဩဂုတ် ၂၁

 

ကျွန်ပြုခြင်းသည် “အမေရိကန်၏ မူလအပြစ်ဖြစ်သည်” ဟု အမေ ရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဩဂုတ် ၂၀ ရက်က ပြောကြားခဲ့သည်။

 

လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ကျော်က ကျွန်ပြုခံရသောအာဖရိကသား အယောက် ၂၀ ကို အမေရိကန်ပြည်ထောင်စု ဖြစ်လာမည့် ကမ်းရိုးတန်းဒေသသို့ အတင်းအကျပ် ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် နောက်ရာစုနှစ်များအတွင်း လူသန်းပေါင်းများစွာ ခိုးယူရောင်းချခံခဲ့ရပြီး ကျွန်စနစ်၏ တစ်စိတ်တစ်ပိုင်းသည် အမေရိကန်တို့၏ မူလအပြစ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အမေရိကန် ပြည်ထောင်စုတွင် သြဂုတ် ၂၀ ရက်အား ကျွန်ပြုခံရခြင်းအထိမ်းအမှတ် အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ရန် ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုရန် အိမ်ဖြူတော်က အဆိုပါ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

အမေရိကန် အထက်လွှတ်တော်အမတ် အဲလစ်ဇဘတ် ဝါရန်နှင့် အောက်လွှတ်တော်အမတ် အယ်လ်ဂရင်းတို့သည် ကျွန်ပြုခံရခြင်း အထိမ်းအမှတ် အောက်မေ့ဖွယ်နေ့ကို သတ်မှတ်ရန် ယမန်နှစ်က ပူးတွဲဆုံးဖြတ်ချက်ကို စတင်မိတ်ဆက်ခဲ့သည်။

 

ဆင်ဟွာ