ဩဂုတ် ၂၂
မလေးရှားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၄၆၄ ဦးထပ်မံတွေ့ရှိပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၇၅၇၇၅၂ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၂၄၄၈ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၁၆ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ကိုးဦးထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၃၆၁၄၅ ဦး ရှိလာသည်။
ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၆၈၂၆၈၉ ဦးရှိသည်ဟု သိရသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၃၈၉၁၈ ဦးရှိပြီး ၆၉ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။
နိုင်ငံအတွင်း ကိုဗစ်ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၈၆ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ ၈၄ ဒသမ ၂ ရာခိုင်နှုန်းနှင့် ကာကွယ်ဆေးအပိုဆောင်းတစ်ကြိမ်ထိုးနှံပြီးသူ ၄၉ ဒသမ ၆ ရာခိုင်နှုန်းနှင့် ကာကွယ်ဆေးအပိုဆောင်းနှစ်ကြိမ်ထိုးနှံပြီးသူ ၁ ဒသမ ၄ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို