ဩဂုတ် ၂၂
၂၀၂၂ ခုနှစ် ပထမ ခုနစ်လအတွင်း ကျူးဘားနိုင်ငံသို့ နိုင်ငံခြားဧည့်သည် ၈၃၄၀၀၀ ကျော် လာရောက်ကြောင်း အမျိုးသားကိန်းဂဏန်းအချက်အလက်နှင့်ပြန်ကြားရေးရုံး၏ ဩဂုတ်လ ၂၀ ရက်နေ့ကထုတ်ပြန်ထားသော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ် ထိုကာလနှင့်နှိုင်းယှဉ်ပါက ယခုနှစ်ကာလ ခရီးသွားဧည့်လာရောက်မှုသည် ၅၉၀ ဒသမ ၉ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်။
ယခုနှစ်တွင် ကနေဒါ၊ အမေရိကန်၊ စပိန်၊ ရုရှား၊ ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီနှင့် မက္ကဆီကိုနိုင်ငံတို့မှ ခရီးသွားဧည့်များလာရောက်ကျသည်ဟု ကျူးဘားခရီးသွားလာရေးဝန်ကြီးဌာနက ဆိုသည်။
၂၀၂၂ခုနှစ်ဘတ်ဂျက်၏ ၂၄ ရာခိုင်နှုန်းကို ခရီးသွားကဏ္ဍအတွက် ခွဲဝေသတ်မှတ်ထားပြီး လာမည့်လများတွင် ဟိုတယ်များထပ်မံဆောက်လုပ်ရန် မျှော်မှန်းထားသည်။
ကျူးဘားအစိုးရက ခရီးသွားဧည့် ၂ ဒသမ ၅ သန်းနီးပါးလာရောက်ခြင်းဖြင့် ယခုနှစ်တွင် စီးပွားရေးတိုးတက်မှု ၄ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို