မိုင်းယောင်း ဩဂုတ် ၂၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဩဂုတ် ၂၃ ရက်က မိုင်းယောင်း-မိုင်းဖြတ်ကားလမ်းမပေါ် မိုင်တိုင်အမှတ်(၃၉)နှင့် (၄၀)ကီလိုမီတာအကြားရှိ ဝမ်ဖတောင်တွင် တောင်ပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါတောင်ပြိုမှုကြောင့် လမ်းပိတ်ဆို့မှု မဖြစ်ပေါ်စေရေး၊ မော်တော်ယာဉ်များ ဖြတ်သန်း သွားလာရာတွင် အန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောမတ်(စ်) နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ နှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက လမ်းမပေါ်ပြိုကျနေသော မြေစာပုံများ၊ သစ်ပင်သစ်ကိုင်းများတို့ကို စုပေါင်းရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း