ပြည် ဩဂုတ် 

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်၂၃ရက် မွန်းလွဲပိုင်းက  ပြည်မြို့နယ်၊ကံစုကျေးရွာရှိ မိုးနှောင်းချည်မျှင်ရှည်ဝါ(ရာကာ၆၆၆)မျိုး၊ တစ်ဧက ပိဿာ(၁၀၀၀) ထွက်ရှိရန် စိုက်ပျိုးထားသော အောင်မြင်ဖြစ်ထွန်းနေသည့် ဝါစိုက်ခင်းများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး စံပြကွက်ဧက(၅၀)နှင့်အရည်အသွေးကောင်း စမ်းသပ်ကွက်(၂)ဧကတို့အတွက် ဓါတ်မြေဩဇာ၊ ပိုတက်စီယမ်၊ ယူရီးယားနှင့် ပိုးသတ်ဆေးရည်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝန်တင်ဆိပ်ကျေးရွာ၊ နဝင်းချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Stone Gabion Box မြေထိန်းနံရံ တည်ဆောက်ပြီးစီးမှုကိုလည်း ကောင်း၊ ငါးရွာကျေးရွာ အုပ်စုရှိ GW11 မိုးစပါးတစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ဧက (၁၀၀) စံပြကွက် မြေဩဇာ ကြဲပတ်နေမှုကို လည်းကောင်း၊ နွေစပါးစိုက်ပျိုးရေရရှိရေး ဆောင်ရွက်နေသည့် ဆိုလာစနစ် ရေတင်လုပ်ငန်း (၄၀)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အကျိုးပြုဧကအားလုံး နွေစပါးစိုက်ပျိုးနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)