ပန်းတောင်း သြဂုတ် ၂၅

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဩဂုတ် ၂၄ ရက် နေ့လယ်ပိုင်းက ပန်းတောင်းမြို့ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ် ရွှေဘုံသာ - ရွာသာရွာလမ်း၏ ဖို့မြေ၊ ဖြတ်မြေနှင့် မြေနီလမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ရွာသာရွာအုပ်စုရှိ သရက် - ကံမ - ကဒူးပြင် - ပြည်လမ်း ကတ္တရာ ထပ်ပိုးလွှာတင်ခြင်းနှင့် ရေပိတ်လွှာလောင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ ကျောက်ဖူးကျေးရွာရှိ လုပ်ငန်းရှင် ဒေါ်တင်နွဲ့၏ ဒေသကြက် အကောင် (၁၀၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ် ညောင်ခြေထောက် သစ်ထုတ်လုပ်ရေး ဝင်းအတွင်း၌ စုပုံထားသော ဧရာဝတီမြစ်အတွင်း ဖမ်းဆီးရမိခဲ့သည့် တရားမဝင် ကျွန်းသစ်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သင်းသင်းအေး(ပြန်/ဆက်)

 

mdn