ပန်းတောင်း သြဂုတ် ၂၅

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ် ၂၄ ရက် နံနက်ပိုင်းက ရွှေဘုံသာကျေးရွာ၌ ပြည်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဆီကုန်သည် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆန်စက် လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ အခြေခံလူတန်းစားများအတွက် သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီနှင့်ဆန်များ ရောင်းချပေးနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။

 

စားသုံးဆီနှင့်ဆန်များကို အခြေခံလူတန်းစားများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချပေးရာတွင် ပြည်သူများ သက်သာစေရန် စားသုံးဆီ ပိဿာ (၁၀၀)အား တစ်ပိဿာလျှင် (၄၄၀၀)ကျပ်နှုန်းနှင့် မနောသုခဆန် အိတ် (၃၀)တို့အား တစ်ပြည်လျှင် (၁၆၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၁)စုလျှင် စားသုံးဆီ (၅၀)ကျပ်သားနှင့် ဆန်(၂)ပြည်နှုန်း ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)