နေပြည်တော်     ဩဂုတ်     ၂၅ 

အင်ဒိုနီးရှားနိုင်ငံတွင်   ကျင်းပပြုလုပ်ခဲ့သည့် (၁၆)ကြိမ်မြောက်   အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး (16th ASEAN Navy Chiefs’ Meeting-16th ANCM) သို့ တက်ရောက်ခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်     ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိ လာရာ  ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များက  ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် (ရေ)ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၁၆)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်း အဝေးတက်ရောက်ခြင်းနှင့် အာဆီယံရေတပ်ဦးစီးချုပ် များအား နှစ်နိုင်ငံရေတပ်တွေ့ဆုံခြင်း(Bilateral Call) များ     ဆောင်ရွက်ခဲ့သည်။     အစည်းအဝေးသို့ အာဆီယံနိုင်ငံရေတပ်များမှ ရေတပ်ဦးစီးချုပ်များ၊ လာအိုနိုင်ငံမှ       ဒုတိယကြည်းတပ်ဦးစီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

ရေတပ်ဦးစီးချုပ်များ     အစည်းအဝေးတွင်     သဘာပတိဖြစ်သူ အင်ဒိုနီးရှားနိုင်ငံရေတပ်ဦးစီးချုပ် Admiral Yudo Margono က    (၁၆) ကြိမ်မြောက်   အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး အဖွင့် နှုတ်ခွန်းဆက်စကားပြောကြားပေးပြီး အစည်းအဝေး ကို  ဖွင့်လှစ်ပေးသည်။ ယင်းနောက် ယခင်နှစ် (၁၅) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ    အစည်း အဝေးမှတ်တမ်းကို အတည်ပြုသည်။   
ဆက်လက်၍ ANCM အမြဲတမ်းပူးတွဲ အတွင်းဝန်က  ဒေသတွင်း ပင်လယ်ရေကြောင်း  လုံခြုံရေးအခြေအနေများကို အကျဉ်းချုပ် တင်ပြဆွေးနွေးသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြ သည့်  အာဆီယံရေတပ်ဦးစီးချုပ်များက  “The Roles  of  ASEAN Navies in Addressing  Maritime Challenges’’ (ပင်လယ်ရေကြောင်းစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အာဆီယံရေတပ်များ၏ အခန်းကဏ္ဍ) ခေါင်းစဉ်အား  နိုင်ငံအလိုက်  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး    ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး     မိုးအောင်က    ဒေသတွင်းပင်လယ် ရေကြောင်း စိန်ခေါ်မှုများကို  စုပေါင်းဖြေရှင်းခြင်းဖြင့် လုံခြုံစိတ်ချတည်ငြိမ်သော      ရေကြောင်းနယ်ပယ် တည်ဆောက်နိုင်မှုများ၊         တပ်မတော်(ရေ)၏ စွမ်းဆောင်ရည်မြှင့်တင်မှုကို     လေ့ကျင့်ရေးဖြင့် ဦးတည်ဆောင်ရွက်နေမှုများ၊ အာဆီယံရေတပ်များ ကျင့်သုံးရမည့် Team Work ၏ အရေးပါမှုကို ဆွေးနွေး ခဲ့ပြီး အာဆီယံရေတပ်ဦးစီးချုပ်များက ရေတပ်များ အကြား    ပူးပေါင်းဆောင်ရွက်မှု   တိုးမြှင့်သွားကြရန် နှင့်   ပင်လယ်ရေကြောင်း   လုံခြုံရေးဆိုင်ရာများကို ဟန်ချက်ညီ      ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အာဆီယံရေတပ်လေ့ကျင့်ရေး ဆိုင်ရာ အတွေ့အကြုံများဖလှယ်ရေး အစီအစဉ် အတွက် ဆွေးနွေးမှုများကို ဆောင်ရွက်ကြပြီး  ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်မည့် ရေတပ်ဆိုင်ရာ ပူးပေါင်း လေ့ကျင့်ခန်းများ၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေ ကြောင်း  ကာကွယ်ရေးပစ္စည်းပြပွဲနှင့်   ရေတပ် အချင်းချင်း တွေ့ဆုံဆွေးနွေးရေးအစီအစဉ်များနှင့် ပတ်သက်၍  ဖိတ်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။ 

ထို့နောက် သဘာပတိ အင်ဒိုနီးရှားရေတပ်ဦးစီး ချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းခဲ့သည်။ 

အစည်းအဝေးအပြီးတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ)သည်   အင်ဒိုနီးရှားရေတပ်ဦးစီးချုပ်၊ ဗီယက်နမ် ရေတပ်ဦးစီးချုပ်၊  ထိုင်းရေတပ်ဦးစီးချုပ်၊  ကမ္ဘော ဒီးယားရေတပ် ဦးစီးချုပ်နှင့် လာအိုကြည်းတပ်ဒုတိယ ဦးစီးချုပ်တို့ကို သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံရေတပ် ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်နိုင်မှုများကို  ရင်းရင်း နှီးနှီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်