ဩဂုတ် ၂၆
နယူးဇီလန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃၁၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် ကိုးဦး ထပ်မံသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
လွန်ခဲ့သောတစ်လကျော်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါကူးစက်မှုအရေအတွက် ၁၀၀၀၀ ကျော်ရှိရာမှ ရောဂါနေ့စဉ်ကူးစက်မှုမှာ ဆက်လက်လျော့ကျလာခဲ့သည်ဟု သိရသည်။
၂၀၂၀ ခုနှစ်အစောပိုင်းမှစတင်ကာ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့်ဆက်စပ်သေဆုံးသူ ၁၈၆၅ ဦး ရှိပြီး ကိုဗစ်ကူးစက်ခံရသူ ၁၇၁၄၆၈၀ ဦးရှိကြောင်း ထိုဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။
နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် ကိုဗစ်ကူးစက်ခံရမှုကြောင့် ကုသမှုခံယူဆဲလူနာ ၃၅၇ ဦးရှိသည့်အနက် ခုနစ်ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်ဟု တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို