ညောင်ဦး ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန တို့၏ ကြီးကြပ်မှုဖြင့် စားသုံးဆီများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချခြင်းကို ဩဂုတ် ၂၆ ရက် နံနက်ပိုင်းမှစတင်ပြီး ညောင်ဦးမြို့ မဏိစည်သူဈေး ဓားတန်းရပ်နှင့် ပုဂံမြို့ဈေးသစ်ကြီး အနောက်ဘက် အပေါက်ရှေ့တို့တွင် ရောင်းချပေးခဲ့သည်။
ရောင်းချရာတွင် တစ်ဦးလျှင် စားအုန်းဆီ ၅၀ ကျပ်သားကို ၂၇၅၀ ကျပ်ဖြင့် Mobile ကားဖြင့် လိုက်လံရောင်းချပေးခြင်းဖြစ်ပြီး ဩဂုတ် ၂၆ ရက်တွင် ညောင်ဦးမြို့၌ ၄၉၅ ပိသာ၊ ပုဂံမြို့၌ ပိသာ ၃၃၀ စုစုပေါင်း စားသုံးဆီ ၈၂၅ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ