ရန်ကုန်  ဩဂုတ် ၂၆

 

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်  ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် (၇၅) နှစ်ပြည့် စိန်ရတု အထိမ်းအမှတ်  အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့        ကျောက်တံတား မြို့နယ် ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စာပေဗိမာန်ခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က Video Message ဖြင့် မိန့်ခွန်း ပြောကြားသည်။

 

အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ သာသနာရေးနှင့်          ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ စစ်ရေးချုပ်  ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊    ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စာပေ ပညာရှင်များနှင့်    ဖိတ်ကြားထား သော         ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ဖြင့် မိန့်ခွန်းပြောကြားသည်။ (နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကို စာမျက်နှာ ၅ တွင် ဖော်ပြထားပါသည်။)

 

ထို့နောက်    စာပေဗိမာန်၏ သမိုင်းမှတ်တမ်းပုံရိပ်     ဗီဒီယိုမှတ်တမ်းကို  ပြသသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဂုဏ်ပြုအမှာစကား                    ပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏   စေတနာနှင့်   စာပေ ပညာရှင်ကြီး များကို         ဂုဏ်ပြု ချီးမြှောက်ခြင်းအနေဖြင့် ပညာရှင် ကြီးများ၏ လူမှုဘဝပိုမိုဖူလုံစေရေး အတွက်   အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသား စာပေဆု၊ စာပေဗိမာန်စာမူဆုများ ကို    တိုးမြင့်ချီးမြှင့်ခဲ့ပါကြောင်း၊ ထို့အပြင် စာပေပညာရှင်များကို လည်း  ထိုက်တန်သည့်  ဘွဲ့ထူး၊ ဂုဏ်ထူးများ   ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ အမျိုးသားစာပေ တစ်သက်တာဆုရှင်   ဆရာကြီး၊ ဆရာမကြီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း စီစဉ်ပေးလျက်ရှိပါကြောင်း။

 

အထူးသဖြင့်   စာပေ၊   ရုပ်ရှင်၊ သဘင်၊  ဂီတ၊  အနုပညာရပ်ဝန်း အသီးသီးရှိ    အနုပညာဖန်တီးမှု လုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းလျက်       အဆင့်မြင့် ခေတ်မီစွာ       ဆောင်ရွက်နိုင်ရန်အတွက်     အနုပညာဗဟိုဌာန အဆောက်အအုံ(Art Centre)ကို တည်ဆောက်ရန်        လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုနည်းတူ စာရေးဆရာကြီးများ၊ စာပေပညာရှင်ကြီးများ စာပေရေးဖွဲ့ ဖန်တီးမှု    လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန်၊ စာပေ လောကသားများ စုစည်းဆောင်ရွက် စေရန်၊    မြန်မာစာပေဖွံ့ဖြိုးရေး လုပ်ငန်းများ    ထာဝရရှင်သန်စေ ရန်၊     စာပေချစ်မြတ်နိုးသူများ လေ့လာနိုင်ရန်  စာဆိုဗိမာန်ကြီး တည်ဆောက်ရန်အတွက်  စတင် စိုင်းပြင်းနေပြီဖြစ်ပါကြောင်း၊ မြန်မာစာပေနယ်ပယ်     ဖွံ့ဖြိုးရေးနှင့် စာပေလောကသားများ   စည်ပင် ဖူလုံရေးအတွက် အရေးထားဆောင်ရွက်ပေးခဲ့သော နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်း ဂါရဝပြုကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါ ကြောင်း။

 

မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စာပေဗိမာန်၏ စာအုပ်စာပေ   ထုတ်ဝေရေးလုပ်ငန်းနှင့် မြန်မာစာပေ ဖွံ့ဖြိုးရေးလုပ်ငန်းများ သွက်လက်ရန်၊ စာကောင်းပေမွန်များ ထုတ်ဖော်နိုင်ရန်၊ ခေတ်စနစ် နှင့်ကိုက်ညီသည့်   စာအုပ်စာပေ များ ထုတ်ဝေနိုင်ရန်၊ ပြည်သူလူထု အတွက်   အကျိုးဖြစ်ထွန်းမည့် စာပေများ၊ အထူးသဖြင့် လူငယ် များအတွက် နှလုံးရည်နှင့် ဉာဏ် စွမ်းရည်များ မှန်ကန်တည့်မတ်စွာ ဖွံ့ဖြိုးရန်အတွက် အထောက်အကူ ပြုနိုင်မည့် စာပေများကို ထုတ်ဝေ နိုင်အောင်     ကြီးမှူးလမ်းညွှန်မှု ပြုလျက်ရှိပါကြောင်း။

 

မိမိတို့ ဦးတည်လျှောက်လှမ်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်နိုင်ရေးတွင်   စာပေအနုပညာရှင်များအားလုံး စည်းရုံး လှုံ့ဆော်ပေး ကြရန် အလေးအနက် တိုက်တွန်းလိုပါကြောင်း၊   အထူးသဖြင့် စာပေနယ်ပယ်က စာပေ လောကသားများသည်     ခေတ်အဆက်ဆက်တွင် နိုင်ငံဖွံ့ဖြိုးရေး အတွက် ကလောင်လက်နက်ဖြင့် ပါဝင်ကူညီခဲ့ကြသလို          ရှေ့ ဆက်လက်ပြီး ပါဝင်ကူညီကြရန် ပန်ကြားလိုပါကြောင်း။

 

စာပေသည်     စိတ်၏အစာ၊ ဦးနှောက်အတွက် အာဟာရ၊ စာပေ သည်   ဘဝ၏မီးရှူးတန်ဆောင်၊ စာအုပ်စာပေ လူ့မိတ်ဆွေ စသည်ဖြင့်    စာပေပညာရှင်ကြီးများက ဆိုမိန့်ခဲ့ပါကြောင်း၊ စာပေဗိမာန် သည် ယင်းစာပေအလင်းကို စာပေစေတနာ၊   စာပေသစ္စာ၊ စာပေ သိက္ခာတို့ဖြင့်   စိန်ရတုကာလမှ သည် နှစ်ပေါင်းရာထောင်ရှည်လျားသော စာပေခရီးကို ဆက်လက်သယ်ဆောင် ထွန်းညှိနိုင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း  ပြောကြားသည်။

 

ဆက်လက်၍     ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက ဂုဏ်ပြုအမှာ စကားပြောကြားရာ၌ ယနေ့စာပေ ဗိမာန်သည် ရှေးကကဲ့သို့ အစဉ် အလာစည်းကမ်းများကို ထိန်းသိမ်း ရင်း မြန်မာစာပေမြင့်မားရေးနှင့် ပြည်သူများ၏        စာပေမျက်စိ အလင်း ဖွင့်ပေးရေးတို့ကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်နိုင်လိမ့် မည်ဟု ယုံကြည်ပါကြောင်း၊ စာပေ ဗိမာန်သည်   ပင်ရင်းစာပေဆုရှင်        နိုင်ငံတော်အစိုးရ၏ ကိုယ်စားလှယ် ဖြစ်ပါကြောင်း၊ စာပေဗိမာန်သည် မြန်မာစာပေကို မြှင့်တင်ပေးသော အဖွဲ့ ဖြစ်ပါကြောင်း၊ စာပေဗိမာန်သည်   ပြည်သူကို စာပေအလင်း ရောင်          ထွန်းလင်းပေးသော မီးအိမ်ရှင်ဖြစ်ပါကြောင်း  ပြော ကြားသည်။ 

 

ထို့နောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)      မိသားစုများနှင့် အလှူရှင်များက   စာပေရန်ပုံငွေ အတွက်    လှူဒါန်းသော    ငွေကျပ် သိန်းပေါင်း ၂၁၄၀ ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း က ပေးအပ်လှူဒါန်းရာ ဆရာကြီး ဦးမောင်မောင်လတ် (နောင်)က လက်ခံရယူသည်။

ယင်းနောက်   ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက စာပေ ရန်ပုံငွေအတွက် အလှူငွေကျပ် ၇၅ သိန်းကို   ပေးအပ်လှူဒါန်းရာ ဆရာမကြီး ဒေါ်ချိုချိုတင် (မစန္ဒာ) က လက်ခံရယူသည်။

 

ဆက်လက်၍    တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက တက်ရောက်လာကြသည့် စာပေ ပညာရှင်ကြီးများအား လှူဒါန်း သည့် လက်ဆောင်ပစ္စည်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံကပေးအပ်ရာ ဆရာကြီး ဒေါက်တာ မောင်သင်း(မောင်သင်း-သပြေ)က လက်ခံရယူသည်။

 

ထို့နောက် စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး  သက်ပုံ၊  ရန်ကုန် တိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးစိုးသိန်း၊   ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုတို့က   စာပေဗိမာန်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများအား    အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ် ကြသည်။

 

ဂုဏ်ပြုလက်ဆောင်များပေးအပ်

ဆက်လက်၍     ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ရည်ညွှန်းကျမ်း   စီစဉ်ရေးအဖွဲ့ (ကိုယ်စား) ဦးသိန်းလွင်(မြန်စာမြေ သိန်းလွင်)၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ       (ကိုယ်စား)ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း (ကိုယ်စား)  ဦးညွန့်တင်(မောင်ငြိမ်း သူ-ကြို့ပင်ကောက်)၊   အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ (ကိုယ်စား) ဦးစိန်လှိုင်(သူရဇော်)နှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ် ရေးအဖွဲ့(ကိုယ်စား)     ဦးမောင် မောင်ဦး(ဟိန်းလတ်)  တို့အား    အမှတ်တရ   ဂုဏ်ပြုလက်ဆောင် များ   ပေးအပ်ပြီး    စာပေဗိမာန် (၇၅)နှစ်ပြည့် စိန်ရတုအခမ်းအနားသို့ မကျန်းမာသည့်ကြားမှ တက်ရောက်လာသည့် အမျိုးသား စာပေတစ်သက်တာဆုရှင် စည်သူဒေါက်တာ    ခင်မောင်ညွန့်အား     နေရာအရောက်    အမှတ်တရ လက်ဆောင်ပေးအပ်သည်။

 

ထို့နောက် ဆရာကြီး ဦးမြတ်သူ (တက္ကသိုလ်မြတ်သူ)က ကျေးဇူး တင်စကား ပြောကြားသည်။

 

ယင်းနောက်  ပြည်ထောင်စု ဝန်ကြီးများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် စာပေဗိမာန် (၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ်  ခင်းကျင်းပြသထား သည့်       မှတ်တမ်းဓာတ်ပုံများ၊ စာပေဗိမာန်တိုက်ထုတ်  စာအုပ်စာစောင်များ၊ မြန်မာ့စွယ်စုံကျမ်း ကဏ္ဍ၊ မြန်မာ့စွယ်စုံကျမ်း အနှစ် ချုပ်၊   မြန်မာနိုင်ငံဘာသာပြန် အသင်းမှ ထုတ်ဝေသော  စာအုပ် များ၊ သုတပဒေသာစာစောင်ကဏ္ဍ၊ စာပေဗိမာန်မဂ္ဂဇင်းကဏ္ဍ၊ ရွှေသွေး ဂျာနယ်ကဏ္ဍ၊   ရွှေသွေးဂျာနယ် အထူးထုတ်ကဏ္ဍ၊  အမျိုးသား စာပေဆု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြသည်။

 

အခမ်းအနား      အပြီးတွင် ပြည်ထောင်စု   ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စာပေဗိမာန် (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြသည့် စာပေ ပညာရှင်ကြီးများနှင့်အတူ နေ့လယ်စာကို  အတူတကွ  သုံးဆောင်ကြသည်။

 

စိုက်ထူနိုင်ခဲ့

စာပေဗိမာန်သည် (၇၅)နှစ်တာ သက်တမ်းတစ်လျှောက် အမှောင် ခွင်း၍ အလင်းဆောင်အံ့ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူလူထု ပညာဗဟုသုတတိုးပွားရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် ရင်း စာပေသမိုင်းမှတ်တိုင်များစွာကို စိုက်ထူနိုင်ခဲ့သည်။ လူထုအလင်း၊  လူထုအိတ်ဆောင်၊ လူထုတက္ကသိုလ်စာစဉ်များ၊ ကျောင်းသုံး စာအုပ်ဘာသာပြန်များ၊ မြန်မာ့ စွယ်စုံကျမ်းအုပ်တွဲများ၊ နှစ် ၅၀ စာစဉ်များ၊ စာပေဗိမာန်မဂ္ဂဇင်း၊ ပြည်သူလက်စွဲစာစဉ်များ၊ လူထု သိပ္ပံကျမ်း ကိုးတွဲ၊ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်များ၊     ရွှေသွေး ဂျာနယ်၊  သုတပဒေသာစာစောင် စသည်ဖြင့် စာပေဗိမာန်သက်တမ်း တစ်လျှောက်တွင် ထုတ်ဝေဖြန့်ချိ ခဲ့သည့်  တန်ဖိုးနည်း သလောက် ဝန်ပါလှသည့် စာအုပ်စာစောင်၊ ကျမ်းပေါင်းများစွာတို့ဖြင့် ပြည်သူလူထုကို အကျိုးပြုခဲ့ကြောင်း သိရသည်။

သတင်းစဉ်