ရွှေကျင် ဩဂုတ် ၂၇

 

ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပျဉ်းမပင်ရပ်ကွက် ရွှေကျင်ချောင်း သဘာဝရေပြင်အတွင်းသို့ ငါးသယံဇာတများ ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ငါးစားသုံးမှု ဖူလုံစေရေးတို့အတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက်  ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားသို့ ရွှေကျင်မြို့နယ် စစ်ဗျူဟာ(အခြေချ‌)ရွှေကျင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ဖုန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးထိန်ဝင်းနှင့် ဝန်ထမ်းများ၊  ဌာနဆိုင်ရာ အကြီးအကဲများ၊ သနပ်ပင် ငါးလုပ်ငန်းစခန်းမှ တာဝန်ခံဒေါ်စန်းစန်းဦး၊  ‌ မြို့နယ်ငါးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက  နှစ်လက်မအရွယ်  ငါးမြစ်ချင်းအကောင်ရေ (၂၃၀၀၀၀)နှင့် ငါးခုံးမကြီးအကောင်ရေ(၁၅၀၀၀၀)၊ စုစုပေါင်း ငါးသား‌ပေါက်ကောင်ရေ (၃၈၀၀၀၀)အား ရွှေကျင်ချောင်း သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)