ညောင်ဦး  ဩဂုတ်  ၂၇

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့ နံနက် ၉ နာရီမှစတင်ပြီး ညောင်ဦးမြို့ အမှတ်(၁)ဆုတောင်းပြည့် ဘုရားဝင်းနှင့် ပုဂံမြို့ဈေးသစ်ကြီးတွင် ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။

 

ထိုသို့ရောင်းချရာတွင် လူတစ်ဦးလျှင် စားသုံးဆီ ၅၀ ကျပ်သားကို ၂၇၅၀ ကျပ်ဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး Mobile ကားဖြင့် လိုက်လံရောင်းချပေးခဲ့ပြီး ဆက်လက်ရောင်းချ ပေးရန် အစီအစဉ်များရှိပြီး ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယနေ့တွင် ညောင်ဦးမြို့ပြည်သူများအတွက် စားသုံးဆီ ၄၉၅ ပိဿာ ရောင်းချပေးခဲ့ပြီး ပုဂံမြို့ ပြည်သူများအတွက် ၃၃၀ ပိဿာ၊ စုစုပေါင်း စားသုံးဆီပိဿာချိန်  ၈၂၅ ပိဿာ ရောင်းချပေး နိုင်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ