ဖြူး ဩဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မိုးရာသီကာလတွင် ခြင်ပေါက်ပွားမှုမရှိစေရေး မြက်များ၊ ခြုံနွယ်များ ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေး ပိတ်ဆို့နေသည့်ရေမြောင်း များအား ရှင်းလင်းခြင်းတို့ကို ယနေ့ နံနက် ၇နာရီက မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းရုံး အတွင်းအပြင်နှင့် ဗိုလ်ချုပ်လမ်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နေ့ကလေးထိန်းမူကြိုကျောင်း အတွင်းအပြင်ရှိ ခြုံနွယ်များ၊ မြက်များအား ရှင်းလင်းခြင်း၊ မူကြိုကျောင်းရှေ့နှင့် ဗိုလ်ချုပ်လမ်းဘေး ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)