မင်းဘူး ဩဂုတ် ၂၈

မင်းဘူးမြို့တွင် နှမ်းများ  တစ်နေ့လျှင်  တင်း ၂၀၀၀ ကျော် ဝင်ရောက် ရောင်းချလျက်ရှိ‌သော်လည်း ဝယ်လိုအားကောင်းပြီး အရောင်းသွက်လျက်ရှိကြောင်း မင်းဘူးမြို့ အမှတ်(၃) ပွဲရုံပိုင်ရှင် ဦးခင်မောင်ထွန်းထံမှ သိရသည်။

မင်းဘူးမြို့ရှိ ပွဲရုံများ၌ မိုးကြိုးနှမ်းများကို ဇူလိုင်လတွင် စတင်နုတ်သိမ်း၍ လာရောက်ရောင်းချလျက်ရှိကြပြီး မြို့နယ်အတွင်းမှ ကျေးရွာများဖြစ်သော ပဒါန်း၊ လေးပင်၊ ဆင်ခေါင်း၊ ကုန်းသာ၊ ချောင်းဖြူ၊ မုန်တောင် စသော ကျေးရွာများမှ လာရောက်ရောင်းချလျက်ရှိကြသည်။ မင်းဘူးမြို့တွင် ပဲအမျိုးမျိုးနှင့် နှမ်း၊ နေကြာ၊ မြေပဲ စသော ဆီထွက်သီးနှံများ ဝယ်ယူသော ပွဲရုံ (၅)ရုံရှိကာ တစ်နေ့လျှင် နှမ်းတင်းရေ ၂၀၀၀ ကျော် ဝင်ရောက်ရောင်းချလျက်ရှိသော်လည်း ဝယ်လိုအားကောင်းပြီး အရောင်းသွက်လျက်ရှိကြောင်း ပွဲရုံပိုင်ရှင်များထံမှ သိရသည်။                       

မင်းဘူးမြို့တွင် လက်ရှိနှမ်း‌ဈေးများမှာ ဈေးကောင်းပြီး နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၈၈၀၀၀ နှင့် နှမ်းနက်များမှာ အရည်အသွေးကောင်းပါက ကျပ် ၈၈၀၀၀ မှ ၉၀၀၀၀ ဝန်းကျင်ဈေးရရှိကာ အရည်အသွေးညံ့လျှင် ကျပ် ၈၂၀၀၀/၈၃၀၀၀ ဈေးသာ ရကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)