ကျောက်ဆည်၊ ဩဂုတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဒေသအတွင်း ဆန်စပါးနှင့် စာသုံးဆီဖူလုံပိုလျှံရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆီထွက်သီနှံမျိုးစုံ (၄၅၂၄)ဧကနှင့် စပါး(၄၆၀၆၇)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးဖူလုံပိုလျှံရေး တိုက်နယ်(၁၂)ခု၊ ကွင်းပေါင်း (၂၁၇)ကွင်း၌ ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ ဆင်းသုခ မိုးစပါးသီးနှံများကို တိုက်နယ်(၁) ကျေးရွာအုပ်စု(၇) အုပ်စုတွင် (၁၇၆၂)ဧက၊ တိုက်နယ်(၂)ကျေးရွာအုပ်စု(၅)အုပ်စုတွင် (၄၅၆၈)ဧက၊  တိုက်နယ်(၃)ကျေးရွာအုပ်စု (၁၀)အုပ်စုတွင် (၄၈၃၈)ဧက၊ တိုက်နယ်(၄) ကျေးရွာအုပ်စု (၈)အုပ်စုတွင် (၄၀၀၃)ဧက၊ တိုက်နယ်(၅)ကျေးရွာအုပ်စု (၁၄)အုပ်စုတွင် (၄၈၄၅)ဧက၊ တိုက်နယ်(၆) ကျေးရွာအုပ်စု(၅)အုပ်စုတွင် (၃၆၅၆)ဧက၊ တိုက်နယ်(၇)ကျေးရွာအုပ်စု (၁၀)အုပ်စုတွင် (၂၃၅)ဧက၊ တိုက်နယ်(၈)ကျေးရွာအုပ်စု (၈)အုပ်စုတွင် (၅၂၄၀)ဧက၊ တိုက်နယ်(၉)ကျေးရွာအုပ်စု(၅) အုပ်စုတွင် (၄၂၃၆)ဧက၊ တိုက်နယ်(၁၀) ကျေးရွာအုပ်စု(၆)အုပ်စုတွင် အုပ်စုများတွင်(၄၉၅၈)ဧက၊ တိုက်နယ်(၁၁) ကျေးရွာအုပ်စု(၆)အုပ်စုတွင်  (၄၆၈၈)ဧက၊ တိုက်နယ်(၁၂) ကျေးရွာအုပ်စု(၇)အုပ်စုတွင် (၃၀၃၈)ဧက စုစုပေါင်း (၄၆၀၆၇)ဧက စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများကို တိုက်နယ်(၁) ကျေးရွာအုပ်စု(၇) အုပ်စုတွင် (၁၆၄၆)ဧက၊ တိုက်နယ်(၂) ကျေးရွာအုပ်စု(၅)အုပ်စုတွင် (၄၆၉)ဧက၊  တိုက်နယ်(၃)ကျေးရွာအုပ်စု (၁၀)အုပ်စုတွင် (၈) ဧက၊ တိုက်နယ်(၄) ကျေးရွာအုပ်စု(၈)အုပ်စုတွင် (၇၇)ဧက၊ တိုက်နယ်(၅) ကျေးရွာအုပ်စု (၁၄)အုပ်စုတွင် (၁၃)ဧက၊ တိုက်နယ်(၆) ကျေးရွာအုပ်စု(၅)အုပ်စုတွင် (၃၄)ဧက၊ တိုက်နယ်(၇) ကျေးရွာအုပ်စု (၁၀)အုပ်စုတွင် (၁၈၉)ဧက၊ တိုက်နယ်(၈) ကျေးရွာအုပ်စု(၈)အုပ်စုတွင် (၈၆၅)ဧက၊ တိုက်နယ်(၉) ကျေးရွာအုပ်စု(၅) အုပ်စုတွင် (၅၁)ဧက၊ တိုက်နယ်(၁၀) ကျေးရွာအုပ်စု(၆)အုပ်စုတွင် အုပ်စုများတွင်(၆၈၆)ဧက၊ တိုက်နယ်(၁၁) ကျေးရွာအုပ်စု(၆) အုပ်စုတွင်  (၂၅၃)ဧက၊ တိုက်နယ်(၁၂) ကျေးရွာအုပ်စု(၇)အုပ်စုတွင် (၂၃၃)ဧက စုစုပေါင်း (၄၅၂၄)ဧက စိုက်ပျိုးခဲ့ကြောင်းနှင့် သီးနှံများအောင်မြင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများ ကူညီပံ့ပိုးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်