ဩဂုတ် ၂၉

 

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း အနောက်ဆူမတ်တြားပြည်နယ်တွင် ပြင်းအား ၆ ဒသမ ၄ ပမာဏရှိငလျင်တစ်ခုလှုပ်ခတ်မှု ယနေ့ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသ၊ ရာသီဉတုနှင့် ဘူမိရူပဗေဒအေဂျင်စီက ပြောကြားသည်။

 

အဆိုပါငလျင်သည် ကီပူလူအန်မန်တာဝီခရိုင်၏အနောက်မြောက်ဘက် ကီလိုမီတာ ၁၁၆ အကွာတွင် ဗဟိုပြု၍ ပင်လယ်ကြမ်းပြင်အောက် ကီလိုမီတာ ၁၀ အနက်ရှိပြီး ဒေသစံတော်ချိန် ၁၀ နာရီ ၂၉ မိနစ်၌လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထိုအေဂျင်စီက ဆိုသည်။

 

ထိုငလျင်တုန်ခါမှုများသည် ဆူနာမီဖြစ်မည့်အလားအလာမရှိကြောင်း ထိုအေဂျင်စီက ပြောကြားသည်။

 

ပြင်းအား ၆ ဒသမ ၄ ပမာဏငလျင်လှုပ်ခတ်မှုကို ပင်မငလျင်အဖြစ်သတ်မှတ်ထားပြီး နောက်ထပ် ပြင်းအား ၅ ဒသမ ၉ ပမာဏရှိငလျင်တစ်ခုသည် ယနေ့မနက် ဒေသစံတော်ချိန် ၅ နာရီ ၃၄ မိနစ်တွင် လှုပ်ခတ်မှုခဲ့ရာ ထိုငလျင်ဗဟိုချက်သည် ပြင်းအားကောင်းသောငလျင်၏ဗဟိုချက်နှင့်အလားတူသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို