နေပြည်တော်၊ သြဂုတ် ၂၉
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေငြာထားသည်ထက် ပိုမိုပါရှိလာသော အကောက်ခွန်မဲ့ စက်ဘီး (အဟောင်း) (၂၀၄) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၈၃,၄၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ်လေးစီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေငြာထားသည်ထက် ပိုမိုပါရှိလာသော ရေသန့်စက်၊ လျှပ်စစ်ထမင်းပေါင်းအိုး၊ သန့်စင်ခန်းသုံးပစ္စည်း၊ ပရိဘောဂပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၃၁၂,၃၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်လေးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀,၀၀၀,၀၀၀) နှင့် နောက်တွဲယာဉ် နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၆,၉၉၅,၇၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လှည်းကူးမြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း တရားမဝင်ကျွန်းသစ်ခွဲသား (၀ ဒသမ ၆၇၁၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၃,၃၈၈) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Honda Odyssey အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၄၄၃,၃၈၈) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ သြဂုတ် ၂၆ ၊ ၂၇ နှင့် ၂၈ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆) မိုင် ကျောက်ချော စစ်ဆေးရေးစခန်း တာဝန်ကျ ပူးပေါင်းအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ဝင်များသည် သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ်-ထုံးဘို လမ်းပိုင်း မိုင်တိုင်အမှတ် (၆/၄) ဖာလုံတွင် ကုန်တင်ယာဉ်နှစ်စီးပေါ်၌ ထိန်းချုပ်ဓာတုပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂၇,၇၈၀,၀၀၀)၊ တရားမဝင် သယ်ဆောင်လာသော ယူရီးယား ဓါတ်မြေသြဇာအိတ် (၇၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၈၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် (၂၂) ဘီး ကုန်တင်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁,၀၀၀,၀၀၀)နှင့် နောက်တွဲယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀) ကိုလည်းကောင်း၊ (၁၆) မိုင်ကျောက်ချော စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က မန္တလေးမြို့မှ လားရှိုးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်နှစ်စီးပေါ်တွင် တရားမဝင် သယ်ဆောင်လာသော Acetic Acid Sodium Salt အိတ် (၈၀၀)၊ ဒေသသုံးဆန် အိတ် (၇၀) ၊ မြွေဟောက်အရှင် (၅၁) ကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၂,၆၁၀,၀၀၀) နှင့် အဆိုပါ ပစ္စည်းများနှင့်တိရစ္ဆာန်များ သယ်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၇,၁၉၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ကချင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့နယ်၊ မြို့မမြောက်ပိုင်းတစ်ဘိနယ်၊ ရွှေစက်ရပ်ကွက်၌ တရားမဝင် သစ်မျိုးစုံ (၀.၉၄၆၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆,၂၆၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
၎င်းအပြင် သြဂုတ်၂၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အင်းတော်မြို့နယ်အတွင်း Canda 125 အမျိုးအစား လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀,၀၀၀)နှင့် Yes Anbo 125 အမျိုးအစား လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ညောင်လေးပင် ခရိုင်တို့အတွင်း တရားမဝင် သစ်မျိုးစုံ (၅ ဒသမ ၉၆၅၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၉၂,၃၉၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၂၆ ရက်၊ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၀)၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၂၂,၄၈၇,၇၄၆ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်