KKO (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာအနီးရှိ ဓာတ်အားပေး တာဝါတိုင်ပျက်စီးမှုကို ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ဝန်ထမ်းများအား ချောင်းမြောင်းပစ်ခတ်၊ ဝန်ထမ်း တစ်ဦးသေဆုံး၊ လေးဦး ဒဏ်ရာရရှိ

 

နေပြည်တော် ဩဂုတ် ၃၀

 

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်ကော့နွဲ့ရွာအနီးရှိ ဓာတ်အားပေးတာဝါတိုင်   နှစ်ခု ဩဂုတ် ၂၀ ရက် ည ၁၁ နာရီ ခန့် တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF  အမည်ခံ အကြမ်းဖက်သမားများ က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့်  ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ဓာတ်အားပြတ်တောက်လျက် ရှိသည့်  သတင်းကို  ဩဂုတ်  ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 

ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သော မြို့နယ်အချို့တွင် ဓာတ်အားပြန်လည်ပေးအပ် နိုင်ရေးအတွက်မော်လမြိုင်မြို့ မဟာဓာတ်အားလိုင်းမှူးရုံးမှ ကျွမ်းကျင်ဝန်ထမ်းများက တာဝါတိုင်များ   ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိရာ  ပဲခူး- ကမာနစ် - စစ်တောင်း- သထုံ- မော်လမြိုင် - ကျုံဒိုး - ကြာအင်း ဆိပ်ကြီး-ဘုရားသုံးဆူ - ကော့ကရိတ် - သင်္ကန်းညီနောင်- မြဝတီ သို့  ဆက်သွယ်ထားသည့် မဟာဓာတ်အားလိုင်း ၂၃၀ ကေဗွီ တာဝါတိုင်အမှတ် ၁၇၂ ကို  ပြင်ဆင်ဆောင်ရွက်လျက်ရှိစဉ်  ယနေ့ညနေ ၃ နာရီ မိနစ် ၂၀ ခန့် တွင် KKO (ခွဲထွက်)အဖွဲ့နှင့်  PDF  အမည်ခံ  အကြမ်းဖက် သမား  ၂၀  ခန့်က အာရ်ပီဂျီ၊   ၄၀   မမ လက်နက်ကြီးများ၊  လက်ဖြောင့် သေနတ်များ၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ချောင်းမြောင်းပစ်ခတ်ခဲ့သည်။  ထိုသို့ပစ်ခတ်မှုကြောင့် မဟာ ဓာတ်အားလိုင်းမှူးရုံးမှ   ဝန်ထမ်း  တစ်ဦး  သေဆုံးခဲ့ပြီး  လေးဦးတွင်   ဒဏ်ရာများ  အသီးသီးရရှိခဲ့သည်။  ဒဏ်ရာရ ဝန်ထမ်းများကို   ကော့ကရိတ်မြို့ နယ်မြေခံ ဆေးတပ်ရင်းသို့  ပို့ဆောင်၍  လိုအပ်သည့် ဆေးဝါးများ ကုသ ပေးလျက်ရှိသည်။

 

ယခုကဲ့သို့  လျှပ်စစ်ဝန်ထမ်းများကို ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သည့်  KKO (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံ  အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံပိတ်ဆို့ ဖမ်းဆီးလျက်ရှိကြောင်းနှင့် လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။

 

သတင်းစဉ်