ကျောက်ဆည် ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ချည်မျှင်ရှည်ဝါများတိုးချဲ့ပြီး (၃၄၅၀)ဧက စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
မိုးချည်မျှင်ရှည်ဝါများကို သင်္ဂတုံကျေးရွာအုပ်စုတွင် (၁၇)ဧက၊ ကလေးကျေးရွာအုပ်စုတွင် (၁၀)ဧက၊ မှိုင်းပန်ကျေးရွာအုပ်စုတွင် (၆၇၅)ဧက၊ ရှမ်းတောင်ဦးကျေးရွာအုပ်စုတွင် (၁၀)ဧက၊ ရဲဘော်ကြီးကျေးရွာအုပ်စုတွင် (၇၅၀)ဧက၊ ရဲယမန်းကျေးရွာအုပ်စုတွင် (၁၁၈၈)ဧက၊ သံရွာကျေးရွာအုပ်စုတွင် (၅၀)ဧက၊ ပေါင်လောင်ကျေးရွာအုပ်စုတွင် (၂၅၀)ဧက၊ တောင်တော်ကျေးရွာအုပ်စုတွင် (၂၄၆)ဧက၊ ကင်းကျေးရွာအုပ်စုတွင် (၂၅၄)ဧက စုစုပေါင်း (၃၄၅၀)ဧက စိုက်ပျိုးကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လွန်ကျော်ဝါသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံမှ အရည်အသွေးနှင့် ထွက်နှုန်းကောင်းသော ဝါမျိုးကောင်း မျိုးသန့်များ သုတေသနပြုစိုက်ပျိုးပြီး ဒေသနှင့်ကိုက်ညီသည့် ရွှေတောင်(၁၀)၊ ရွှေတောင်(၈)နှင့် ငွေချည်(၆) ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် သီးနှံများအောင်မြင်ဖြစ်ထွန်းရေး စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်း၍ နည်းပညာများ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)