မြို့သစ်      ဩဂုတ်     ၃၀

 

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၌ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရန် ဓာတ်အားလိုင်း ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဩဂုတ် ၂၉ ရက်က မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှလျှပ်စစ် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ပေးပို့ဖြန့်ဝေသည့် ဓာတ်အားလိုင်းထရန်စဖော်မာမှ ဓာတ်အား ဖြန့်ဖြူးပေးထားသော Feeder မှ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန် Breaker  အသစ်လဲလှယ် တပ်ခြင်းနှင့် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ လျှပ်စစ်လိုင်းတာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့က မြို့ပေါ်ရပ်ကွက်နေပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲ နိုင်ရန်အတွက်  ၄၀၀ ဗို့ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ ဓာတ်အားလိုင်းနှင့် မလွတ် ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ထရန်စဖော်မာမှ ဓာတ်အားဖြန့်ဖြူး ပေးထားသော Feeder မှ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးအတွက် Breaker  အသစ် လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းများကို စစ်ဆေးထိန်းသိမ်းပြုပြင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)