ပဲခူး        ဩဂုတ်      ၃၁

 

ပဲခူးတိုင်းဒေသကြီး၌ လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ သဘာဝမြေဩဇာ ထုတ်လုပ်သည့် စက်ရုံများသို့ သွားရောက်ကြည့်ရှုခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မွေးမြူရေးခြံများမှ ထွက်ရှိသော ကြက်ချေးဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်နေသော ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာအုပ်စုရှိ Myanmar Agro Eagle Co., Ltd၊ ထန်းပင်ချောင်ကျေးရွာအုပ်စုရှိ CPP Myat Min Agro Co., Ltd နှင့် ပဲခူးမြို့နယ်၊ အင်းတကော်မြို့ရှိ Royal Green Smart Co., Ltd တို့၏ အော်ဂဲနစ်မြေဩဇာ ထုတ်လုပ်သည့် စက်ရုံများသို့ ရောက်ရှိပြီး စက်ရုံတာဝန်ခံများက အော်ဂဲနစ်မြေဩဇာ ထုတ်လုပ်မှုအဆင့်ဆင့်၊ ပါဝင်ပစ္စည်းများနှင့် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး စက်ရုံအတွင်း အော်ဂဲနစ်မြေဩဇာ ထုတ်လု်ပနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ပဲခူးမြို့နယ်တွသ် သဘာဝမြေဩဇာစက်ရုံ သုံးရုံရှိပြီး တစ်ရက်လျှင် တန် ၉၀ ကျော် ထွက်ရှိကာ ပါဝင်ပစ္စည်းအပေါ်မူတည်၍ မြေဩဇာ တစ်အိတ်လျှင် အများဆုံး ငွေကျပ် ခြောက်သောင်းမှ အနည်းဆုံး နှစ်သောင်းထိရှိကာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် မန္တလေးတိုင်း ဒေသကြီးများသို့ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)