နေပြည်တော်၊ သြဂုတ် ၃၁

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၉ ရက်တွင်  ချင်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟားခါး-ဂန့်ဂေါကားလမ်း ၊ ကားကြီးကွင်းအတွင်း ဖလမ်းမြို့မှ  ဟားခါးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်၌  တရားမဝင် သယ်ဆောင်လာသော အရက်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၂၈,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ချင်းဝိသေသတိုင်းအက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 

ထို့ပြင် ဩဂုတ် ၃၀  ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ် (၃)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော လူသုံးကုန်ပစ္စည်းမျိုးစုံ၊ စက်မှုကုန်ကြမ်းပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၀၂၃,၅၃၂)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့်  ကုန်တင်ယာဉ်(၃)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၀,၀၀၀,၀၀၀)နှင့် နောက်တွဲယာဉ်(၃)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၃,၀၂၃,၅၃၂) ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ ဘုတလင်မြို့၊ မြို့မစျေးရှေ့၌ Pajero အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။

 

အလားတူ ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သံတွဲခရိုင် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  တောင်ကုတ်မြို့နယ်နှင့် သံတွဲမြို့နယ်တို့အတွင်း တရားမဝင် သစ်မျိုးစုံ (၁၃ ဒသမ ၉၀၄၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၇၈,၂၈၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။

 

၎င်းအပြင် နေပြည်တော်ကောင်စီ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လယ်ဝေးမြို့နယ်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တောင်တွင်းကြီး-ပျဉ်းမနား အစုန်စာပို့ရထား ဆိုက်ရောက်စဉ် ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ အဆိုပါရထားပေါ်တွင် တရားမဝင် သယ်ဆောင်လာသော ကျွန်းသစ်(၀ ဒသမ ၂၄၀၀)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ‌ ဆောင်ရွက်လျက် ရှိသည်။

 

ထို့အတူ သြဂုတ် ၃၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က ကင်းလှည့်စစ်ဆေးမှုများ ဆောင်ရွက်စဉ် မန္တလေး-ပြင်ဦးလွင်ကားလမ်း မိုင်တိုင်အမှတ်(၁၈)မိုင် (၆)ဖာလုံ အနီးတွင် လမ်းဘေး၌ ပိုင်ရှင်မဲ့စုပုံထားသော စက္ကူဖဲထုပ် (၅၃၈)ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၁၄၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ  အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ်( ၇ ဒသမ ၃၀၇၆)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂,၂၄၁,၇၁၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ‌ ဆောင်ရွက် လျက်ရှိ သည်။

 

သို့ဖြစ်ပါ၍  သြဂုတ်  ၂၉  ရက် ၊ ၃၀  ရက် နှင့် ၃၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၇)မှု၊  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၉,၉၄၆,၅၃၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)