ကျုံပျော် စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၏ ခရိုင်တရားရုံးသစ်ဖွင့်ပွဲကို စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ခရိုင်တရားရုံးသစ်အား ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ ကျုံပျော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ခရိုင်တရားသူကြီး ဦးအောင်နေလင်းတို့က ခရိုင်ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကာ ခရိုင်ရုံးသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)