စစ်ကိုင်း စက်တင်ဘာ ၁
စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ စပါးစနစ်တကျ ကြဲပတ်စိုက်ပျိုးနည်းစနစ်ဖြင့် အထွက်တိုး နည်းပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာလွင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
သင်တန်းပို့ချရာတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံမှ ဦးစီးအရာရှိက “စပါးကြဲပက် စိုက်ပျိုးနည်းစနစ်ဖြင့် အထွတ်တိုးနည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူးက “စိုက်ပျိုးရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် စီမံရေးရာ “ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်မြေအသုံးချရေး တာဝန်ခံက “စပါးကြဲပတ် စိုက်ပျိုးရာတွင် မြေဩဇာစနစ်တကျ အသုံးပြုခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ သီးနှံကာကွယ်ရေးတာဝန်ခံက “စပါးသီးနှံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်း” ခေါင်းစဉ် ဖြင့်လည်းကောင်း အသီးသီး ပို့ချပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို တစ်ရက်တာ ပို့ချပေးသွားမည်ဖြစ်ကာ သင်တန်းသို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)