မိုးညှင်း စက်တင်ဘာ ၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် လျာထားဧက ၁၃၅၂၂၁ ဧကရှိ၍ ဩဂုတ်လ နောက်ဆုံးပတ်တွင် ၁၃၆၁၁၆ ဧကထိ လျာထားချက်ထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးညှင်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၀ ရှိ၍ ဒေသရေမြေနှင့်ကိုက်ညီသော အထွက်ကောင်း မျိုးသန့်စပါးဖြစ်သည့် ဆင်းဧကရီ-၃ မျိုးစပါးကို တောင်သူများက အများဆုံး ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိပြီး အခြားစပါးမျိုးများ ဖြစ်သည့် ငွေတိုး၊ ကောက်ညှင်း စသည့် စပါးမျိုးများကိုလည်း စိုက်ပျိုးကြလျက်ရှိရာ တောင်သူများမှ အဓိကထား စိုက်ပျိုးလေ့ရှိသော ဆင်းဧကရီ-၃ စပါးမျိုးကို ဧက ၁၂၉၄၁၀ ထိ စိုက်ပျိုးထားရှိကြောင်း သိရသည်။
ဇွဲသူရအောင်(မိုးညှင်း)