စက်တင်ဘာ ၂
ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုသတ္တမမြောက်လှိုင်းတွင် ထိုရောဂါကူးစက်မှုနှင့်ဆက်စပ်သည့်သေဆုံးမှုကြောင့် နေ့စဉ်သေဆုံးသူဦးရေ ၃၀၀ ကျော်ရှိလာသည်မှာ သုံးရက်ဆက်တိုက်ရှိလာပြီဖြစ်ကြောင်း ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ရောဂါနှင့်ဆက်စပ်သေဆုံးသူ ၃၀၃ ဦးရှိရာ ယခုချိန်အထိ သေဆုံးသူပေါင်း ၄၀၂၅၈ ဦး ရှိလာသည်ဟု သိရသည်။
နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၄၉၉၀၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၁၉၁၁၇၅၉၉ ဦး အထိ မြင့်တက်လာသည်။
ဂျပန်နိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်မှုများ လျင်မြန်စွာပျံ့နှံ့လျက်ရှိသော်လည်း ရောဂါကူးစက်မှုဆိုင်ရာတုံ့ပြန် ဆောင်ရွက်သည့် ကန့်သတ်ချက်များကို အစိုးရက ချမှတ်ခြင်းမရှိချေ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဂျပန်နိုင်ငံတွင် ဩဂုတ်လ ၂၂ ရက်မှ ၂၈ ရက်နေ့အတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၂၅၈၇၇၂ ဦး ထပ်မံတွေ့ရှိခဲ့ရာ သီတင်းပတ်ခြောက်ပတ်ဆက်တိုက်တွင် ကိုဗစ်ကူးစက်မှုအရေအတွက်အမြင့်မားဆုံးဖြစ်ကြောင်း ပြောကြားသည်။
အလားတူကာလအတွင်း ဂျပန်နိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုသည် ပြီးခဲ့သည့်သီတင်းပတ်က သေဆုံးမှုထက် ၂၃ ရာခိုင်နှုန်းပိုမိုများပြားခဲ့ရာ ကမ္ဘာ့နိုင်ငံများအနက် အမေရိကန်ပြည်ထောင်စုပြီးလျှင် ဂျပန်နိုင်ငံသည် သီတင်းပတ်ခြောက်ပတ်ဆက်တိုက်အတွင်း ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးမှုတွင် ဒုတိယမြောက်အများဆုံးနိုင်ငံ ဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို