စက်တင်ဘာ ၂

 

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကင်ဂီပြည်နယ်ရှိကျေးရွာတစ်ရွာတွင် ယမန်နေ့မနက်ပိုင်းက မြေပြိုမှုဖြစ်ပွားပြီးနောက် ငါးဦးသေဆုံးခဲ့ပြီး နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသန္တရအာဏာပိုင်များကပြောကြားသည်။

 

အဆိုပါမြေပြိုမှုသည် ဟွန်ဂျာကျေးရွာတွင် မနက် ၁ နာရီ ၅ မိနစ်က မြေပြိုမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 

ထိုမြေပြိုမှုတွင် ဒေသခံခုနစ်ဦးနှင့် အခြားလေးဦးအပါအဝင် လူ ၁၁ ဦး ပိတ်မိနေခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့က မနက် ၈ နာရီ  ၂၀ မိနစ်တွင် ကိုးဦးကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းကိုးဦးအနက် ငါးဦးသည် ဆေးရုံတွင် ကုသမှုခံယူရင်း သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်သဖြင့် ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

 

ဒေသန္တရအစိုးရက သဘာဝဘေးအရေးပေါ်တုံ့ပြန်ရေးနှင့် မီးဘေးကာကွယ်ရေး၊ အရေးပေါ်အဖွဲ့အစည်း၊ ပြည်သူ့လုံခြုံရေးနှင့် ကျန်းမာရေးဦးစီးဌာနတို့အား ထိုမြေပြိုမှုဖြစ်ပွားရေနေရာသို့ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် သွားရောက်စေခဲ့သည်။

 

ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို