ရန်ကုန်  စက်တင်ဘာ ၂

 

ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး၊ ပုစွန် အမျိုးမျိုးတို့ကို ရန်ကုန်မြို့နေ ပြည်သူများ ဈေးနှုန်းသက်သာစွာ အလွယ်တကူ ဝယ်ယူနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီက ရွေ့လျားဈေးကားဖြင့် လိုက်လံရောင်းချပေးလျက်ရှိသည်။

 

ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းရှိ နာနတ် တောစည်ပင်သာယာရဲတပ်ဖွဲ့ လိုင်းခန်း၊ အလုံမြို့နယ် ဌာနာရပ်ကွက်၊ ရန်ကင်းမြို့နယ် ပြည်သာယာအိမ်ရာနှင့် ရွှေအုန်းပင်အိမ်ရာ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဗိုလ်ဗထူးအိမ်ရာ နှင့် ဗိုလ်မင်းရောင် အိမ်ရာသို့ သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် လိုက်လံရောင်းချနေမှုကို ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြား ချက်များ၊ အသိပေး ချက်များကို လိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ကြရန် မှာကြားကာ ဈေးရောင်း/ ဈေးဝယ်သူများကို Mask များဝေငှကြသည်။

 

ထို့ပြင် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်မြို့နယ် (၁၄)ရပ်ကွက် ဘုရင့်နောင်လမ်း အရှေ့ ဘက်ခြမ်း အုတ်ကျင်းဘူတာရုံလမ်းနှင့် ပိတောက်ချောင်းအကြား အုတ်ရေမြောင်း တည် ဆောက်နေမှု၊ မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက်၊ မင်းဓမ္မလမ်း အရှေ့ဘက်အခြမ်း (ကျိုက်ဝိုင်း ဘုရားလမ်းနှင့် အောင်သိဒ္ဓိလမ်းအကြား) လူသွားစင်္ကြံ Interlock ခင်းကျင်းနေမှု၊ လှိုင်မြို့နယ် (၁၂)ရပ်ကွက် ပါရမီလမ်း တောင်ဘက်အခြမ်း (မင်းဓမ္မလမ်းနှင့် သမိုင်းကောလိပ်လမ်း အကြား) လူသွားစင်္ကြံ စက်ဘီးလမ်း ပြုလုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)