ငဖဲ       စက်တင်ဘာ       ၃

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနက စက်တင်ဘာ ၃ ရက် နံနက်ပိုင်းမှစတင်၍ ပင်ဦးကျေးရွာအုပ်စုနှင့် ဇင်ပြွန်းကျေးရွာအုပ်စုသို့ သွားရောက်၍ နွား ၂၅၈ ကောင်အား ခွာနာလျှာနာရောဂါ ကာကွယ်ဆေးနှင့် ကုသဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့သည်။

 

ကာကွယ်ဆေး ထိုးနှံပေးရာတွင် ငဖဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုး၊ ဒေါက်တာဆုပိုင်မြင့်ဦးနှင့် ဝန်ထမ်းများ ဦးဆောင်ပြီး တိရစ္ဆာန် ကျန်းမာရေး အကူလုပ်သားများ ပူးပေါင်းကာ ပင်ဦးကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာတွင် နွား ၉၈ ကောင်၊ ညောင်ကိုင်းကြီး ကျေးရွာတွင် နွား ၃၃ ကောင်၊ ရေပုတ်ကျေးရွာတွင် နွား ၆၆ ကောင်နှင့် ဇင်ပြွန်းကျေးရွာတွင် နွား ၆၁ ကောင် စုစုပေါင်း နွား ၂၅၈ ကောင်အား ခွာနာလျှာနာ ရောဂါ ကာကွယ်ဆေးနှင့် ကျေးရွာများတွင် မိုးသီးနှံများ ထွန်ရက်စိုက်ပျိုးဆဲဖြစ်၍ ကျွဲ၊နွားများ လယ်ယာလုပ်ငန်းခွင် ဝင်ရောက်ရာမှဖြစ်ပေါ်တတ်သော အားအင်ကုန်ခန်းမောပန်းခြင်းနှင့် အခြားရောဂါများခံစားနေရသော ကျွဲ၊နွားများအတွက် သန်ချဆေး၊ အားဆေးနှင့် အခြား လိုအပ်သောဆေးများ ကုသထိုးနှံပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)