ကန်ကြီးထောင့် စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာရှိ စနစ်တကျ ဖော်ထုတ်ထားသော လယ်မြေဧက(၁၀၀)၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးသော တောင်သူ များအား ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၂ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှုး ဦးလင်းကိုကိုက စံပြလယ် ဧက(၁၀၀)တွင် တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ကြိုးစားကြစေလိုကြောင်း၊ ဆန်နှင့်ဆီသည် နေ့စဉ်စားသုံး နေရကြောင်း၊ နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်က ၂၀၂၂ ခုနှစ် မိုးစပါးရာသီတစ်ဧက တင်း(၁၀၀)နှုန်းထွက်ရှိစေရေး ဧက(၁၀၀)စံပြကွက်ရှိ တောင်သူများအား ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မိုးစပါးစိုက်ပျိုးသောတောင်သူများအား တာဝန်ရှိသူများက ယူရီးယားဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်၊ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးလင်းကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်အောင်၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးအရာရှိ ဦးကြည်မိုးနှင့် ဝန်ထမ်းများ၊ စံပြလယ်ဧက(၁၀၀) တောင်သူများတက်ရောက်ခဲ့ကြပြီး မိုးစပါးစိုက်ပျိုးသော ကွင်းယားကြီးကျေးရွာမှ တောင်သူ(၁၃)ဦး၏ စိုက်ဧက(၁၀၀)အတွက် ယူရီယားဓာတ် မြေဩဇာအိတ်(၁၀၀)အား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)