နောင်မွန်း စက်တင်ဘာ ၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှု ကြောင့် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက မြို့အဝင်လမ်းပေါ် ရေကျော်ခဲ့ပြီး အမှတ်(၂)ရပ်ကွက်၊ မြေနိမ့်ပိုင်းရှိ အိမ်အချို့သို့ ရေဝင်ရောက်မှုများ ဖြစ်ခဲ့ကြောင်း သိရသည်။
နောင်မွန်းမြို့နယ်၌ စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီခန့်မှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်း ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ကဆန်ချောင်း ကွန်ကရစ်မြေထိန်းနံရံအထက် နှစ်ပေခန့်ရေကျော်ခဲ့ကာ မြေနိမ့်ပိုင်းဖြစ်သည့် မြို့အဝင်ကတ္တရာလမ်းတစ်လျှောက် နှစ်မိုင်ခန့်ရေကျော်ခြင်း၊ အမှတ်(၂) ရပ်ကွက်ရှိ အိမ်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ရေဝင်ရောက်ခဲ့သည့် အိမ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ပြည်သူများ ပူပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)