ကျိုက်လတ် စက်တင်ဘာ ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျိုတ်လတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်  စီမံကိန်းရန်ပုံငွေများအား သက်ဆိုင်ရာကျေးရွာများသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီခွဲက ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကျိုက်လတ်မြို့နယ်ဥက္ကဋ္ဌ ဦးမင်းအောင်က အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသူရရှိန်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ကျေးရွာ ၁၅ ရွာနှင့် Cash For Work စီမံကိန်းကျေးရွာ တစ်ရွာတို့တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကျေးရွာတစ်ရွာလျှင် စီံမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀ နိုင်ငံတော်မှထောက်ပံ့ပေးပြီးဖြစ်ရာ ကျေးရွာများဘက်မှ မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်အောင်နှင့် စီမံကိန်း၏ ရည်ရွယ်ချက်များအတိုင်း အကာင်အထည်ဖော် ဆောင်ရွက်ပေးကြရန်  ဆွေးနွေးသည်။

ကျိုတ်လတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကို ပန်းခြံကျေးရွာ၊ လက်ခုတ်ကျေးရွာ၊ အောက်ကုန်းကျေးရွာ၊ ကျီးဝိုင်းကျေးရွာ၊ ဘုရားကြီးကုန်းကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ စာဖြူစုကျေးရွာ၊ ကျွန်းကလေးကျေးရွာ၊ ကံစုကျေးရွာ၊ ဖောင်ရိုးဆိပ်ကျေးရွာ၊ ထားဝယ်မှိုင်းလေးကျေးရွာ၊ ဝါးကောက်ကျေးရွာ၊ လှည်းဆိပ်ကျေးရွာ၊ ဝါးရုံစုကျေးရွာ၊ အိမ်ယာကြီးကျေးရွာ စုစုပေါင်း ၁၅ ရွာနှင့် Cash For Work စီမံကိန်းကို အလွမ်းဒွတ်ကျေးရွာတို့အား စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရသည်။

ကိုလှိုင်