လပွတ္တာ စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက ပြည်သူများအား ဆန်၊ ကြက်ဥနှင့် ကြက်သွန်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် လပွတ္တာခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့မိမြို့ဖ၊ အလှူရှင်တို့၏ ပူးပေါင်းပါဝင်မှုဖြင့် လပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပြည်သူများအား ဆန်တစ်ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ကြက်သွန်တပိဿာလျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် (၁၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း စုစုပေါင်း အိမ်ထောင်စု (၁၂၀)သို့ အသီးသီးခွဲဝေ၍ ချိုသာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

လပွတ္တာခရိုင်(ပြန်/ဆက်)