ဖျာပုံ စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဖျာပုံမြို့နယ် ဆန်စက်၊ ဆန်ကုန်သည်များအသင်း၊ မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းနှင့် နယ်မြေခံတပ်တို့ ပူးပေါင်းကူညီမှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပြည်သူများ သက်သာချောင်ချိရေး ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် တပ်မတော်ထုတ်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီခွဲက ဖျာပုံမြို့ အမှတ်(၃)ရပ်ကွက်၊ ဆန်စက်၊ ဆန်ကုန်သည်များအသင်းရုံးရှေ့တွင် ရောင်းချပေးသည်။ 

ထိုသို့ရောင်ချပေးရာတွင် အချွန်ဆန်တစ်ပြည် (၁၅၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ဆားတစ်ပိဿာ (၅၅၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ကြက်ဥ(၃)လုံး (၅၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ တပ်မတော်ထုတ်ကုန်များအား ပေါက်စျေးနှုန်းအလိုက် ရောင်းချပေးခဲ့ကြသည်။

ဆန်၊ ဆီများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် 
တိုင်းဒေသကြီး ဒေသကော်မတီ(၅)၊ ဖျာပုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းတို့မှ အခါအားလျော်စွာ နေ့ရက်အလိုက် ဆန်နှင့် စားအုန်းဆီများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းပေးလျက်ရှိကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်/ဆက်)