စက်တင်ဘာ ၅

 

တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၇၅၄၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၃၆၀၆၇၄၀ ရှိလာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

ပြီးခဲ့သည့်ရက်က ကိုဗစ်ရောဂါကူးစက်ခံရသူ ၇၂၁၄၄ ဦးရှိရာမှ နေ့စဉ်ကူးစက်မှုအရေအတွက် လျော့နည်းလာခြင်းဖြစ်သည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

 

လွန်ခဲ့သောသီတင်းပတ်က ကိုဗစ်ရောဂါနေ့စဉ်ပျမ်းမျှကူးစက်မှုအရေအတွက် ၈၂၈၇၅ ဦးရှိကြောင်း အတည်ပြု ထုတ်ပြန်ထားသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများအနက် ၂၈၆ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး နိုင်ငံအတွင်း ယနေ့အထိ ပြည်ပကူးစက်မှုပေါင်း ၆၀၂၅၂ ဦး ရှိလာသည်ဟု သိရသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့်  ၅၆ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၂၇၁၄၉ ဦး ရှိလာသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို