ရန်ကုန် စက်တင်ဘာ ၅

 

ရန်ကုန်မြို့တော်အတွင်း မိုးနှောင်းကာလ မြို့ပြမြင်ကွင်းများ သစ်လွင်ရေး ကမာရွတ်မြို့နယ် ရန်ကုန်စီးပွားရေး တက္ကသိုလ် မာလာဆောင်ရှေ့ရှိ ခြံစည်းရိုးနှင့် လူသွားစင်္ကြံအကြား မြက်စိုက်ပျိုးထားရှိမှု၊ ပြည်လမ်းနှင့် အင်းလျားလမ်းထောင့် မြေထိန်းနံရံများ ချေးချွတ် ရေဆေးကြောနေမှုတို့ကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

 

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ အင်းလျားကန်ပေါင်၌ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နေမှုနှင့် လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်အကြား ကမာရွတ်ချောင်းအတွင်း အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု) မှ Excavator နှင့် ဝန်ထမ်းများပူးပေါင်း၍ အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှုကိုလည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းနှင့် ပါရမီလမ်းထောင့်အနီး ပြည်လမ်း ဝဲ/ယာ မြေထိန်းနံရံများ ချေးချွတ်ရေဆေးကြောနေမှု၊ သန့်ရှင်းသာယာ သပ်ရပ်ရေးနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဒဂုံမြို့နယ်နှင့် ဗဟန်းမြို့နယ်အကြား ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီး ဦးထောင်ဘိုလမ်း၌ လမ်းဝဲ/ ယာ မြေထိန်းနံရံများ ချေးချွတ်ရေဆေးကြောနေမှု၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှုကို လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်၊ (၁၀) ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်းအကြား၊ လမ်း ၅၀ ၌ လမ်းသားတင် ထပ်ပိုးလွှာ ကတ္တရာကွန်ကရိ ခင်းကျင်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

mdn

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၁၁ နာရီခွဲတွင် မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပပြုလုပ်သော ကော်မတီဝင်နှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂၀/၂၀၂၂) သို့ တက်ရောက်ပြီး မြို့တော်ဝန်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ မြို့တော်ဝန်က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်