ဝါရှင်တန် စက်တင်ဘာ ၆
အမေရိကန်နိုင်ငံအရှေ့ပိုင်း ဗာဂျီးနီးယားပြည်နယ် နော်ဖော့ခ်မြို့မှာ စက်တင်ဘာ ၅ ရက် အစောပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဆင်ဟွာ သတင်းတစ်ရပ်၏ ဖော်ပြချက် အရ သိရသည်။
နော်ဖော့ခ်ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်မှုဖြစ်စဉ်အတွင်း အမျိုးသမီးလေးဦးနှင့် အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြောသည်။
ထို့နောက် သေနတ်ဒဏ်ရာ ရရှိသောသူများကို ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သောကြောင့် နှစ်ဦးမှာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တာဝန်ရှိသူများသည် သေနတ်ပစ်ခတ်မှု အကြောင်းအရင်းကို ဆက်လက်စုံစမ်း နေဆဲဖြစ်ကြောင်းနှင့် သေနတ်ကိုင်အကြမ်းဖက် စာရင်းအင်း (ဂျီဗွီအေ) ၏ နောက်ဆုံးအချက် အလက်အရ အမေရိကန်နိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် လက်ရှိအချိန်အထိ အစုလိုက် အပြုံလိုက် ပစ်ခတ်မှု ၄၅၈ ကြိမ်ထက် မနည်းရှိကြောင်း သိရသည်။
ဆင်ဟွာ