ထားဝယ်   စက်တင်ဘာ ၆

 

တနင်္သာရီတိုင်းဒေသကြီး ကုသရေးဦစီးဌာနမှ ကြီးမှူး၍ ဆေးဘက်ကျွမ်းကျင်(၄) (ဆေးစပ်)နှင့် စိစစ်ရေးမှူး (၄) (ဆေးမှတ်တမ်း) သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၅ ရက် မွန်းလွဲ ၃ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

အဆိုပါသင်တန်းသို့ ဆေးစပ်(၁၉)ဦး၊ ဆေးမှတ်တမ်း (၇)ဦးနှင့် ဓာတ်မှန်(၁၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၆ လကြာမြင့်မည်ဖြစ်ကာ သင်တန်းသား/သင်တန်းသူများ စားသောက်ရေးအတွက် ဆန်များထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)