စက်တင်ဘာ ၆

 

နယူးဇီလန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၃၅ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် လေးဦးထပ်မံသေဆုံးခဲ့သည်ဟု သိရသည်။

 

ဇူလိုင်လအစောပိုင်းက နိုင်ငံတစ်ဝန်း၌ ကိုဗစ်ရောဂါကူးစက်ခံရသူဦးရေ ၁၀၀၀၀ ကျော်ရှိရာမှ ကိုဗစ်ရောဂါ နေ့စဉ်ကူးစက်မှု အရေအတွက်ကျဆင်းလာခြင်း ဖြစ်သည်။ 

 

၂၀၂၀ ခုနှစ် အစောပိုင်းကစတင်ကာ ယနေ့အထိ ကိုဗစ်ရောဂါကူးစက်မှုပေါင်း ၁၇၃၄၆၈၄ ဦးရှိပြီး ထိုရောဂါနှင့်ဆက်စပ်သည့် သေဆုံးသူပေါင်း ၁၉၃၃ ဦး ရှိသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေသူ ၂၇၃ ဦးရှိသည့်အနက် သုံးဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို